ကျွန်တော်တို့အကြောင်း
One Asia သည် မလေးရှားနိုင်ငံတွင် သင့်နေထိုင်မှုအတွက် ခရီးသွားစီစဉ်ခြင်းမှ စ၍ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးအထိ အချက်အလက်များကို စီစဉ်ပေးသော ကုမ္ပဏီဖြစ်သည်။
ကျွန်တော်တို့အကြောင်း
One Asia သည် မလေးရှားနိုင်ငံတွင် သင့်နေထိုင်မှုအတွက် ခရီးသွားစီစဉ်ခြင်းမှ စ၍ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးအထိ အချက်အလက်များကို စီစဉ်ပေးသော ကုမ္ပဏီဖြစ်သည်။
ကျွန်တော်တို့၏ ဇာတ်ကြောင်း
မလေးရှားကို စူးစမ်းခြင်း – နှလုံးသား ပေါင်း၍ တစ်အိမ်တည်ဆောက်လာခြင်း
-
OneAsia ၏ ခရီးလမ်းသည် ချစ်သူနှစ်ဦး ကံဆုံစေသော၊ ယဉ်ကျေးမှုနှစ်ခုကို ဆက်စပ်ပေးခဲ့သည့် အချစ်ဇာတ်လမ်းတစ်ပုဒ်နှင့် စတင်ခဲ့ပါသည်။ 2022 ခုနှစ်တွင် ကျွန်တော်တို့၏ One Asia တည်ထောင်သူ ပထမဆုံး မလေးရှားကို သွားရောက်ခဲ့သောအခါ အံ့အားသင့်ဖွယ် မလေးရှားကို ကြုံတွေ့ခဲ့ရပါတယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှ လူအများစုကဲ့သို့ပင် သူလည်း မလေးရှားနိုင်ငံအကြောင်းနည်းနည်းသာ သိထားခဲ့ပြီး မလေးရှားသို့ သွားရောက်လည်ပတ်ရန်ပင် စိတ်ကူးမရှိခဲ့ပါ။ CEO ဟာ ထိုစဥ်က ချစ်သူတဖြစ်လဲ ဇနီးလောင်းရဲ့ စေ့ဆော်မှုကြောင့်သာ သွားရောက်ဖြစ်ခဲ့တာပါ။ တကယ်တမ်းရောက်ရှိသွားချိန်မှာတော့ သူမျှော်လင့်ထားတာထက် များစွာသာလွန်တဲ့ မလေးရှားကို ကြုံတွေ့ခွင့် ရခဲ့ပါတယ်။ ဟုတ်ပါတယ်။ မြို့တော်Kuala Lumpur ရဲ့ အလှတရားတွေကို သူ တကယ့်ကို သဘောကျခဲ့ပါတယ်။ Kuala Lumpur ရဲ့ အံ့မခန်း မြင်ကွင်းတွေက သူ့ကို အံ့အားသင့်စေခဲ့သလို၊ စည်ကားတဲ့ ဈေးဝယ်ဧရိယာတွေက စိတ်အပန်းဖြေနိုင်စေခဲ့တယ်။ အရသာကောင်းတွေ ပေါင်းစပ်ထားတဲ့ အနုပညာတစ်ခုလို ခံစားမှုတွေ ရရှိစေခဲ့တဲ့ အစားအသောက်တွေကလည်း ညှို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ နှလုံးသားကို အမှန်တကယ် ကိုင်လှုပ်နိုင်ခဲ့တာကတော့ အိမ်ရောက်သွားသလို နွေးထွေးတဲ့ ခံစားမှုတစ်ခုဖြစ်စေခဲ့တဲ့ အရာပဲ ဖြစ်ပါတယ်။


ကမ္ဘာတွေကို ဆက်သွယ်ခြင်း၊ နှလုံးသားတွေကို မျှဝေခြင်း One Asia ၏ တည်ထောင်ခြင်း
-
အဲဒီခရီးစဉ်က သူ့ရဲ့ ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ ဒါဟာ သူ့၏ ကိုယ်ပိုင်ဘဝရဲ့ အသစ်စတင်တဲ့ အခန်းကဏ္ဍတစ်ခုသာမက၊ One Asia ကိိိိိိိိိုတည်ထောင်ဖိိိို့ အစီအစဉ်ရဲ့ အစအနတစ်ခုလည်း ဖြစ်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုသာမဟုတ်ပါ။ ဒါဟာ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေအားဖြင့် စွမ်းဆောင်ထားတဲ့ မစ်ရှင်တစ်ခုဖြစ်ပါတယ်။ အဲဒါက မိန်းမငယ်တစ်ဦးအပေါ်မှာ ချစ်ခြင်းမေတ္တာတင်မက၊ မလေးရှားနိုင်ငံနှင့် ၎င်းလူမျိုးတစုလုံးအပေါ်မှ ချစ်ခြင်းမေတ္တာတစ်ခုလည်း ဖြစ်ပါတယ်။OneAsia ကို တည်ထောင်တဲ့ရည်ရွယ်ချက်က မလေးရှားနိုင်ငံရဲ့ အပူအပေါင်းနှင့် အလှတရားကို တခြားသူတွေကိုလည်း ဝေမျှချင်တဲ့အကြောင်းပါ။ ကျွန်တော်တို့ ရဲ့ရည်ရွယ်ချက်က မလေးရှားနိုင်ငံရဲ့ မြင်ကွင်းတွေ၊ အသံတွေကိုသာ ခံစားစေချင်တာမဟုတ်ဘဲ၊ အလွန်ရိုးသားပြီး ကြင်နာတက်ကြတဲ့ လူမှုရေးစိတ်ဓာတ်ကိုပါ ခံစားရအောင် စီစဉ်ပေးဖို့ဖြစ်ပါတယ်။ အရေးပါတဲ့ ဆေးကုသမှုတွေ၊ ပညာရေးအခွင့်အလမ်းတွေ၊ သို့မဟုတ် စီးပွားရေးအခွင့်အလမ်းတွေကို အကောင်းဆုံး ဖြစ်လာစေဖို့ အထောက်အကူပေးနိုင်ဖို့ အတူတကွ ဆောင်ရွက်နေတဲ့အဖွဲ့တစ်ရပ်ဖြစ်ပါတယ်။ One Asia ရဲ့ ရည်ရွယ်ချက်က တိုးတက်လာေနတဲ့ကမ္ဘာတွေနဲ့ ပိုမိုနီးကပ်စေဖို့ပါ။
One Asia မှာ ကျွန်တော်တို့အတွက် အဓိကက လူချင်းဆက်ဆံမှုနဲ့ စိတ်နွေးထွေးမှုပါပဲ။ မလေးရှားကို စူးစမ်းဖို့ အခွင့်အလမ်းရလာမယ်ဆိုရင် မလေးရှားသို့ ခရီးသွားရာမှာ စိတ်ချရပြီး သာယာသော ခရီးအတွေ့အကြုံ ရရှိအောင် ကျွန်တော်တို့ကူညီပါရစေ။ ဒီနိုင်ငံဟာ သင့်ရဲ့ နှလုံးသားထဲမှာ ဒုတိယအိမ်တစ်ခုလို ခံစားမှုနဲ့ ပြည့်နှက်သွားမယ့် နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။
ကျွန်တော်တို့၏ တည်ထောင်သူများနှင့် မိတ်ဆက်ပေးပါရစေ။

Edward Kaung Sett
CEO နှင့် တည်ထောင်သူ

Edward Kaung Sett
CEO နှင့် တည်ထောင်သူ
- ကျွန်တော်တို့၏ အမှုဆောင်အရာရှိချုပ် (CEO) နှင့် တည်ထောင်သူ Edward သည် ဗြိတိန်နိုင်ငံ၊ University of Bristol မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပြီး၊ Board Dynamics နှင့် Strategy ကို အထူးပြုသော ဥပဒေမဟာဘွဲ့ နှစ်ခုကိုလည်း ရရှိခဲ့သည်။ Edward သည် Toyota နှင့် Selfridges ကဲ့သို့သော နာမည်ကြီး ကုမ္ပဏီများတွင် ကာစတန်မာဝန်ဆောင်မှု အတွေ့အကြုံများ ရရှိခဲ့ပြီး၊ အကြီးစား ငွေကြေးလုပ်ငန်းရှင်များကို ဝန်ဆောင်မှုပေးသော ဗြိတိန်ရှိ ဥပဒေဖွဲ့တွင် လုပ်ငန်းအတွေ့အကြုံများ ရရှိခဲ့သည်။ Edward ၏ ပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်စွမ်းနှင့် နွေးထွေးပျူငှာမှု အသေးစ်ိပ် အာရုံစိုက်မှုများကြောင့် ဖောက်သည်များအားလုံးကို အလေးထား တန်ဖိုးထားခြင်းကို ခံစားမိစေခဲ့ပါသည်။ သူမတူ ထူးခြားသည့် ခံစားချက် အတွေ့အကြုံ ရစေချင်သော One Asia ၏ မစ်ရှင်သည် customer များအပေါ်ထားရှိသော Edward ၏ ချစ်ခြင်းမေတ္တာနှင့် အလေးထားမှုကို ပေါ်လွင်စေပါသည်။

Rachel Tan
COO နှင့် တည်ထောင်သူ

Rachel Tan
COO နှင့် တည်ထောင်သူ
- One Asia ၏ (COO) နှင့် တည်ထောင်သူ ပီနန် ဇာတိဖြစ်သော Rachel Tan သည် ပီနန်နှင့် ကွာလာလမ်ပူအကြား ကူးလူးသွားလာယင်း အလုပ်လုပ်နေပါသည်။ နေထိုင်ပါသည်။ ဗြိတိန်နိုင်ငံမှ ဘဏ္ဍာရေးနှင့်စာရင်းကိုင်ဘွဲ့ကို ရရှိထားသူ ဖြစ်လင့်ကစား
- ပင်ကိုယ်အရည်အချင်းနှင့် အားထုတ်မှု အရင်းပြု၍ တသက်မမေ့နိုင်စရာအတွေ့အကြုံများကို ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါသည်။
- ၎င်းသည် ခရီးသွားမှုအစီအစဉ်များကို စုစည်းပြင်ဆင်ရာတွင် ပင်ကိုယ်ကျွမ်းကျင်မှုရှိပြီး၊ မလေးရှားနိုင်ငံကို မယုံကြည်သေးသူများကို မဝံ့မရဲဖြစ်နေသူမှ တစ်သက်တာ ဝါသနာရှင်များအဖြစ် ပြောင်းလဲစေနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
- ONE ASIA က တာ၀န်ယူ လုပ်ဆောင်မည့် ကိစ္စရပ်များ စင်းလုံးချော လည်ပတ်နိုင်စေရေးအတွက် Rachel ၏ အကောင်းတကာ့အကောင်းဆုံး ဆောင်ရွက်ချင်သည့် တာ၀န်ယူစိတ်ကပင် အရင်းခံ ဖြစ်စေပေမည်။ ခရီးသွားမှုကို လွယ်ကူချောမွေ့စေရန် တာဝန်ယူမှုနှင့် စီမံခန့်ခွဲမှုအပေါ် တင်းကျပ်စွာ လုပ်ဆောင်ကိုင်တွယ်ပုံတို့ကပင်လျှင်
- Rachel သည် One Asia ၏ အောင်မြင်မှုတွင် မပါမဖြစ်သော ပုဂ္ဂိုလ် ဖြစ်ကြောင်း ထင်ရှားစေသည်။