အာရှ၏ရတနာများဆီသို့ သင်၏ဂိတ်တံခါး
One Asia သည် မလေးရှားနိုင်ငံတွင် သင့်နေထိုင်မှုအတွက် ခရီးသွားအချက်အလက်များမှ စ၍ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးအထိ လိုအပ်သောအချက်အလက်များကို စီစဉ်ပေးသော ကုမ္ပဏီဖြစ်သည်။
အာရှ၏ရတနာများဆီသို့ သင်၏ဂိတ်တံခါး
One Asia သည် မလေးရှားနိုင်ငံတွင် သင့်နေထိုင်မှုအတွက် ခရီးသွားအချက်အလက်များမှ စ၍
Our Services
ကျန်းမာရေး အကြံပေးဝန်ဆောင်မှု
- ဆရာဝန်နှင့် ဆေးရုံရွေးချယ်မှုများအတွက် အကြံပေးခြင်း၊ ဗီဇာနှင့် ခရီးသွားလာမှုအတွက်စီစဉ် ပေးခြင်း၊ ဘာသာပြန်များ စီစဥ် ထားရှိပေးခြင်းတို့ဖြင့် အဆင်ပြေသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေရန် ကူညီပေးသည်။
ပညာရေး အကြံပေးဝန်ဆောင်မှု:
- ပညာရေးအတွက် ကျောင်း ရွေးချယ်ခြင်းမှ စ၍ ေကျာင်းလျှောက်ခြင်း၊ နေရာထိုင်ခင်းနှင့် သယ်ယူပို့ဆောင်ရေး စီစဉ်ခြင်းအထိ တစ်ဦးချင်း လိုအပ်ချက်အလိုက် လမ်းညွှန်မှုများ ပံ့ပိုးပေးသည်။
စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အကြံပေးဝန်ဆောင်မှု :
- မလေးရှားနိုင်ငံ၏ စီးပွားရေးနှင့် အိမ်ခြံမြေဈေးကွက်များကို ချိတ်ဆက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သော ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေပေးခြင်း အစရှိသဖြင့် ကူညီပေးသည်။

ဘာကြောင့် One Asia ကို ရွေးချယ်သင့်သလဲ?
ပုဂ္ဂိုလ်ရေးအလိုက် ဖြေရှင်းချက်များ :
- သင့်လိုအပ်ချက်များနှင့် ရည်မှန်းချက်များနှင့် ကိုက်ညီသော ပညာရေး၊ ကျန်းမာရေး ၊ စီးပွားရေး ဝန်ဆောင်မှုများကို အထူးတလည် စီစဉ်ပေးသည်။
မြန်မာ့အမြင်နှင့် မလေးရှားကျွမ်းကျင်မှု :
- မြန်မာနိုင်ငံသား တည်ထောင်သူနှင့် အဖွဲ့ဝင်များပီပီ သင်တို့၏ လိုလားချက် စံချိန်စံနှုန်းများအား နားလည်နိုင်စွမ်း ရှိသည်နှင့်အညီ လိုအပ်လာနိုင်ဖွယ်ရှိသည့် ဘာသာစကားနှင့် ယဉ်ကျေးမှုကွာဟမှုများကို မြန်မာ မလေး နှစ်ဘာသာရ ဘာသာပြန် ၀န်ထမ်းများမှ ဖြေရှင်းပေးသည်။
မဟာဗျူဟာကျကျ ပူးပေါင်းလုပ်ဆောင်မှု နှင့် နက်ရှိုင်းသော အသိပညာများ:
- မလေးရှားနိုင်ငံ၏ ထိပ်တန်း ပညာရှင်များနှင့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုများရှိပြီး အကောင်းဆုံး အခွင့်အလမ်းများကို ရရှိစေရန် ကူညီပေးသည်။ ထိပ်တန်း ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးအဖွဲ့အစည်း၊ အကျိုးအမြတ်များစေသော ရင်းနီးမြှုပ်နှံမှုဟုသာ ပြောပါ။ One Asia က တုယှဥ်မရသည့် အတွေ့အကြုံ အကျိုးစီးပွားကို ယူဆောင်လာခဲ့ပေးပါမည်။
အဖြေ အသင့် ရှိပါသည်၊ မေးခွန်းသာ ယူလာပါ။
- မည်မျှရှုပ်ထွေးနက်နဲသော ပြသနာ ပဋိပက္ခ ဖြစ်ပါစေ မျှော်လင့်ထားသည်ထက် သာလွန်သော ဖြေရှင်းမှုမျိုး ပေးစွမ်းနိုင်ရန် အစွမ်းကုန် ကူညီ ဆောင်ရွက်ပေးဖို့ ကျွန်ုပ်တို သန္နိဌာန် ချထားပါသည်။ ၂၄ နာရီ နေ့ညမလပ် WhatsApp Viber အီးမေးလ် အစရှိသည့် နှစ်သက်ရာ platforms မှ ဆက်သွယ်၍ ရနိုင်ပါသည်။
အစအဆုံး အလုံးစုံ ကူညီထောက်ပံ့ခြင်း
- ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ကဏ္ဍအလိုက် အကောင်းဆုံး၀န်ဆောင်မှု အချောမွေ့ဆုံး အတွေ့အကြုံ ရယူနိုင်စေရန်အတွက် အစမှ အဆုံးထိ ေထာက်ပံ့ကူညီပေးသည်။

လုပ်ငန်းစဉ်များ:

အဆင့် ၁
အကြံပေးခေါ်ဆိုမှု
လိုရင်းတိုရှင်း ထိရောက်သော ဆွေးနွေးမှုလေးတခုစတင်ရန် ဆက်သွယ်လိုက်ပါ။ သင့်လိုအပ်ချက်များ၊ လိုလားချက်များ နှင့် ဘတ်ဂျက်သတ်မှတ်မှုကို သိရှိနားလည်ခြင်းမှတဆင့် သင့်ရည်မှန်းချက်နှင့် ကိုက်ညီသော ၀န်ဆောင်မှုမျိုး ပေးနိုင်မည်ဟု ယုံကြည်ပါသည်။

အဆင့် ၂
ပုဂ္ဂိုလ်တဦးချင်း အကြံပြုချက်မျာ
လေယာဥ်ခရီးစဥ်မှအစ လုပ်ဆောင်ချက်အသေးစိပ်ကို အတိုင်ပင်ခံများမှ သင့်ကို ရှင်းလင်းတိကျစွာ တင်ပြမည်ဖြစ်ပါသည်။ ဤအဆင့်တွင် ကျွန်တော်တို့ အာမခံ အပြည့်အ၀ ပေးနိုင်သည်မှာ ကျွန်တော်တို့၀န်ဆောင်မှုအတွက် ဥာဏ်ပူဇော်ခ အပါအ၀င် ကုန်ကျစရိတ် အသေးစိတ်ကို တွက်ချက်ပြသပေးသွားမှာ ဖြစ်ပြီး ပွင့်လင်းမြင်သာစွာ ချပြပေးသွားမှာ ဖြစ်ပါတယ်။

အဆင့် ၃
အတည်ပြုခြင်းနှင့် ပြင်ဆင်ခြင်းမျာ
လုပ်ငန်းစဥ်ကို သင့်ထံတင်ပြပြီးချိန်မှာတော့ ပြန်လည်လေ့လာသုံးသပ်ပြီး ဆင့်ကဲမေးခွန်းများ မေးမြန်းခြင်း သို့ ပြင်ဆင်မှုများ ပြုလုပ်လိုပါက ဆွေးနွေးပြောဆိုနိုင်ပါတယ်။ သင့် စိတ်ကျေနပ်မှု ရသည်အထိ ဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်း ပြောပါရစေ။

အဆင့် ၄
ငွေပေးချေမှု
အကြံပြုသော လုပ်ငန်းစဥ်ကို အတည်ပြုပြီးနောက် သတ်မှတ်ထားသော သွင်းငွေကို ပေးဆောင်ရမည်ဖြစ်ပြီး လုံခြုံသော ပေါ်တယ်မှတဆင့် ငွေပေးချေမှုကို ပြုလုပ်နိုင်သည်။